
English Self-study Tips (For Speaking & Listening Skill)

Hello! ဒီနေ့မှာတော့ Rachel ကို အမေးအများဆုံးမေးခွန်းဖြစ်တဲ့ English ကို သေချာဘယ်လိုလေ့လာမလဲနဲ့ပက်သက်ပြီး sharing ပေးချင်ပါတယ်။ ဒီ post ကတော့ part 1 ပါ။ Speaking and listening အတွက် tips တွေ share ပေးသွားမှာပါ။
Rachel လည်း ဆယ်တန်းပြီးပြီးချင်းတုန်းက English Level က Intermediate ပဲရှိခဲ့တာပါ။ English အသံထွက်ကလည်း လုံးဝမကောင်းလို့ အတန်းထဲမှာရော၊ လူတွေအများကြီး ကြားမှာပါအလှောင်ခံခဲ့ရဖူးပါတယ်။ အဲ့တာကြောင့်လည်းအစပိုင်းမှာ English လို လုံးဝ မပြောရဲခဲ့ပါဘူး။ အဲ့တာနဲ့ဘဲ ဆယ်တန်းပြီးတော့ English စာကြီးဘဲ တစ်နေကုန်နီးပါး၊ မိုးလင်းကနေ မိုးချုပ်အထိ intensively လုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း နိုင်ငံခြား ထွက်ချင်နေတော့ English level မြန်မြန်တက်အောင် သင်တန်းတက်တာရော၊ self-study ရော အရမ်းလုပ်ဖြစ်ပြီးမှ နောက်ပိုင်းအဆင်ပြေလာတာပါ။ ဒီလို Intermediate to Advanced ရောက်ဖို့ intensively ၁နှစ်ခွဲ၊ ၂ နှစ်နီးပါးလောက် အချိန်ပေးခဲ့ရပါတယ်။
ဒါကြောင့် ပထမဆုံး ပြောပြချင်တာကတော့ English ကောင်းဖို့ဆိုတာ နေ့ချင်း၊ ညချင်း ဖြစ်တဲ့အရာ မဟုတ်ပါဘူး။ (၂) လပြတ် သင်တန်း သွားတက်ပြီး ဆရာစာသင်တဲ့ အချိန်လောက်ဘဲ English စာကြည့်ရုံလောက်နဲ့လည်း မရပါဘူး။ အချိန်တွေ အများကြီးပေးပြီး၊ နေ့စဉ်ရက်ဆက် ဇွဲရှိရှိကြိုးစားဖို့လိုတယ်ဆိုတာလေး သိထားစေချင်ပါတယ်ရှင်😉
✅ နောက်တစ်ခုက ကိုယ်နေ့တိုင်း စာလုပ်နိုင်မဲ့ အချိန်တစ်ခုကို သတ်မှတ်ပါနော်။ ဥပမာ ကိုယ်က တစ်ရက်ကို(၁) နာရီ နေ့တိုင်းအချိန်ပေးနိုင်တယ်ဆို ည (၈)နာရီကနေ (၈)နာရီခွဲအထိ နာရီဝက် listening ကျင့်ပြီး ည(၈)ခွဲကနေ (၉)အထိ နောက် နာရီဝက်ကို speaking ကျင့်မယ် ဆိုပြီး သတ်မှတ်လိုက်တာမျိုးပေါ့။ပြီးရင် အဲ့ သတ်မှတ်ထားတဲ့အချိန်မှာ နေ့တိုင်း လုပ်ပါနော်။ ဘာလိုလဲဆိုတော့ ဘာသာစကားတစ်ခုလေ့လာတဲ့အခါ အဲ့ဘာသာစကားနဲ့ နေ့တိုင်း ထိတွေ့နေမှ improve ဖြစ်တာပါ။ အဲ့တာကြောင့် English တစ်ကယ်ကောင်းချင်ရင် ၁ ပတ်မှာ ၁ ရက် ၂ ရက်လောက် လုပ်တာထက် နေ့တိုင်း အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး လုပ်ရပါမယ် ။ဒီလို consistency ရှိရှိ နေ့တိုင်းလုပ်သွားရင် တစ်လ၊ ၂လအတွင်းမှာကို သိသိသာသာ တိုးတက်လာတာတွေ့ရမှာပါ။
Rachel တုန်းကတော့ တစ်ရက်ကို (၃) နာရီ (၄) နာရီလောက် အနည်းဆုံး နေ့တိုင်းလုပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ အလုပ်မရှိတဲ့ ပိတ်ရက်တွေဆို တစ်နေကုန် ၈နာရီကနေ ၁၀ နာရီလောက်အထိ English ကြီးဘဲ လေ့လာနေလို့ ညဘက် အိပ်မက်မက်တဲ့အခါ English လိုမက်တဲ့အထိ ဖြစ်ဖူးပါတယ်ရှင် 😂Anyway, အဲ့တာဆို အရင်ဆုံး English စာ အသံထွက်ကောင်းဖို့ လေ့ကျင့်လို့ရမဲ့ speaking tips လေးတွေကြည့်ရအောင်နော်။
📌𝐒𝐭𝐞𝐩 𝟏: 𝐒𝐡𝐚𝐝𝐨𝐰𝐢𝐧𝐠 𝐌𝐞𝐭𝐡𝐨𝐝
ဒီနည်းကတော့ အလွယ်တကူ စမ်းကြည့်လို့ရမယ့် နည်းလေးပါ။ ကိုယ်က videoတစ်ခုခုကြည့်နေတုန်းမှာ charater တစ်ယောက်ယောက် ပြောတဲ့ dialogue ကို သူပြောတဲ့အတိုင်း အသံထွက်ပြီး လိုက်ပြောကြည့်တဲ့နည်းပါ။ ဥပမာ character က “I am hungry and I want to eat ice-cream” လို့ပြောလိုက်တယ်ဆိုရင် သူပြောလိုက်တဲ့ အသံနေအသံထားအတိုင်းဘဲ “I am hungry and I want to eat ice-cream” ဆိုပြီး အနောက်ကနေ တစ်ထပ်တည်းတူအောင် လိုက်ရွတ်ကြည့်ပါနော်။ စကျင့်ကျင့်ချင်းတော့ တစ်ကြောင်းကို ၃ ခါ၊ ၄ခါလောက် လိုက်ပြောကြည့်လို့ရပါတယ်။ နောက်ပိုင်းကျရင်တော့ စာကြောင်း တစ်ကြောင်းချင်းစီထက် စာပိုဒ်လိုက် လိုက်ပြောကြည့်တာ ပိုကောင်းပါတယ်။ လျှာလည်း ပိုသွက်တာပေါ့နော်။ ဒီနည်းနဲ့ တစ်ရက်ကို နာရီဝက်လောက် နေ့တိုင်း အသံထွက်ပြီး English စကားပြောကျင့်ကြည့်ပါ။ (၁) လလောက်ကြာရင် ကိုယ့်ရဲ့ English အသံထွက်တွေ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။
📌 𝐒𝐭𝐞𝐩 𝟐: 𝐑𝐞𝐜𝐨𝐫𝐝 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟
အပေါ်ကလိုမျိုး နေ့တိုင်း shadowing method နဲ့ ကျင့်နေတာ (၁) လလောက်ကြာပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့တော့ ကိုယ်စကားပြောတာကို record လုပ်ပြီး ပြန်နားထောင်ကြည့်ပါ။ Rachel တို့ ကိုယ့်အသံကိုယ် ပြန်နားထောင်ရတာ အစပိုင်းမှာ တမျိုးကြီးခံစားရနိုင်ပေမဲ့ စိတ်ထဲမှာ “တစ်ခြားလူတစ်ယောက်စကားပြောတာကို နားထောင်နေတာ” လို့ တွေးပြီး ပြန်နားထောင်ကြည့်ပါနော်။ အဲ့လို ကိုယ်စကားပြောတာကို record ပြီး ပြန်စစ်ကြည့်ချင်းအားဖြင့် ကိုယ် English လိုစကားပြောတဲ့အခါ ဘယ်လိုစကားလုံးတွေကို အသံထွက် အားနည်းလဲဆိုတာ သိလာပါလိမ့်မယ်။
📌 𝐒𝐭𝐞𝐩 𝟑: 𝐇𝐚𝐯𝐞 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐩𝐚𝐫𝐭𝐧𝐞𝐫
အပေါ်က Step (1) နဲ့ step (2) ကို ၁လလောက် နေ့တိုင်း အချိန်ပေးပြီး ကျင့်ပြီးသွားရင် English လို သူများတွေနဲ့စကားပြောဖို့ confidence စရလာပါလိမ့်မယ်။ အဲ့အခါ Step (3) နဲ့ (4) ကို ဆက်လုပ်လို့ရပါပြီ။ ဒီအဆင့်မှာတော့ ကိုယ်နဲ့ ရည်မှန်းချက် တူပြီး motivated ဖြစ်တဲ့ speaking partner တစ်ယောက်ယောက်နဲ့ စကားပြော ကျင့်ကြည့်ပါနော်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲက ဖြစ်ဖြစ်၊ English သင်တန်းတွေမှာ ခင်တဲ့ မိတ်ဆွေတွေနဲ့ဘဲဖြစ်ဖြစ် တစ်ပတ်ကို တစ်ခါလောက် phone ခေါ်ပြီး topic တစ်ခုခုရွေးပြီး English လိုစကားပြောကြည့်လို့ရပါတယ်။
Rachel ကတော့ ဒီအဆင့်မှာ senior အစ်မတစ်ယောက်နဲ့ ၁ ပတ်ကို ၁ ခါ၊ ၂ခါလောက် video call ခေါ်ပြီး ရုပ်ရှင်အကြောင်းတွေထိုင်ပြောတာတို့ စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့အကြောင်းတွေ ကို English လိုပြောဖြစ်ခဲ့ပါတယ်။ ဒီလိုပြောတဲ့အခါ သူငယ်ချင်းတစ်ယောက်နဲ့ အလာပ သလာပ ထိုင်ပြောနေသလိုကို causally ဖြစ်ဖြစ် ပြောဖြစ်ခဲ့တာပါ။တစ်ခုရှိတာက speaking partner နဲ့ English စကားပြောလေ့ကျင့်တဲ့အခါမှာ တစ်ယောက်အမှားကို တစ်ယောက် criticize လုပ်တာမျိုးကို လုံးဝ မလုပ်ရဘူးနော်။ Feedback ပေးတာမျိုးက အဆင်ပြေပေမဲ့ negatively အရမ်း judge တာမျိုးဆို ကိုယ်ပါ confidence တွေကျလာတတ်လို့ အဲ့လိုသူမျိုးနဲ့တွေ့ရင်တော့ ဝေးဝေးသာရှောင်ပါရှင်😂
📌 𝐓𝐢𝐩 𝟒: 𝐉𝐨𝐢𝐧 𝐜𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐜𝐥𝐮𝐛
ကိုယ့်ရဲ့ Speaking partner နဲ့စကားပြောကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကို နည်းနည်းအားရလာပြီလို့ ခံစားရရင် conversation clubs လေးတွေမှာ ပါဝင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အခုဆို online clubs တွေရော offline conversation clubs တွေရော ရှိလာပြီဖြစ်လို့ ကိုယ်အဆင်ပြေတဲ့နေရာကိုရွေးပြီး တစ်ပတ်တစ်ခါလောက် join သင့်ပါတယ်။ ဒီလို conversation club တွေကနေ ကိုယ်နဲ့ ရည်မှန်းချက်ချင်းတူတဲ့ သူငယ်ချင်းတွေ၊ ကြိုးစားနေတဲ့ တခြားလူငယ်တွေနဲ့လည်း ဆုံနိုင်လို့ network လည်းချဲ့ပြီးသားဖြစ်မှာပါ။
ဒီလောက်ဆို speaking ကျင့်ဖို့ ဘယ်ကစလုပ်ရမလဲဆိုတာ နည်းနည်းသိလောက်ပြီထင်ပါတယ်။
📌 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐓𝐢𝐩𝐬
အပေါ်ကလို Speaking ကျင့်ဖို့အတွက် တစ်ဘက်မှာလည်း Listening များများ နားထောင်ဖို့လိုပါတယ်။ ပြောရမယ်ဆို Input များများထည့် listening များများလုပ်ပြီး နားရည်ဝနေမှ output များများထွက်ပြီး speaking ကျင့်တဲ့အခါ ပိုပြီး အဆင်ပြေတာပါ။ အဲ့အတွက်ကြောင့် နေ့တိုင်း English လိုပြောထားတဲ့ podcast or video တစ်ခုခုကို နားထောင်ရပါမယ်။
အဲ့လို podcast တွေ နားထောင်တယ်ဆိုတဲ့နေရာမှာ ဘယ်ဟာကို နားထောင်ရမယ် ဘာညာမရှိပါဘူး။ အစပိုင်းမှာ English လိုပြောထားတဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို နားထောင်လို့ရပါတယ်။ YouTube မှာတင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ အဲ့တာတွေကနေ စနားထောင်ကြည့်လို့ရပါတယ်။ဒီနေရာမှာ ဘာလို့ ကိုယ်ကြိုက်တာကိုနားထောင်စေချင်တာလဲဆိုတော့“English စာလုပ်ရတာ ပျင်းဖို့ကောင်းတယ်” ဆိုတဲ့ feeling မျိုးမရစေချင်လို့ပါ။ အနည်းဆုံးတော့ Rachel တို့က ကိုယ်သဘောကျတဲ့ရုပ်ရှင်တွေ video တွေကြည့်ရရင် မပျင်းတော့ဘူးမလား, right? 😅
✅ Rachel တုန်းကတော့ နိုင်ငံခြားမှာ အရမ်းကျောင်းတက်ချင်ခဲ့တာဆိုတော့ study vlogs တွေအများကြီးကြည့်ခဲ့ပါတယ်။ အဲ့အပြင် productivity tips video တွေ၊ travel videos တွေ house tour တွေ စိတ်ဝင်စားလို့ အဲ့အပိုင်းတွေရှာပြီး ကြည့်ဖြစ်ခဲ့ပါတယ်။
✅ ပြီးတော့ Rachel အားကျတဲ့သူတွေရဲ့ speech တွေ၊ interview တွေလည်း အများကြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အနည်းဆုံးတော့ motivation လည်းရ၊ English listening လည်း ကျင့်ပြီးသား ဖြစ်တော့ (၁)ချက်ခုတ် (၂)ချက်ပြတ် ဘဲပေါ့နော်။ 😅
အောက်မှာလည်း Rachel အများဆုံး ကြည့်ဖြစ်ခဲ့တဲ့ channels လေးတွေ ထည့်ပေးထားပါတယ်။စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။
✅ Ali Abdaal
✅ Tedx Talks
✅ Unjaded Jade
✅ Paige Y
✅ Ryan Shirley
✅ Erik Van Conover
အဲ့အပြင် “BBC 6 minutes English ဆိုတဲ့ podcast လေးတွေလည်း တော်တော်ကောင်းပါတယ်။ အကုန် YouTube မှာဘဲရှိပါတယ်။ ရှာကြည့်ပါနော်။
အဲ့တာကြောင့်
👉 ကျောင်းသွားတက်ဖို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ study abroad videos and podcasts တွေနားထောင်လို့ရသလို
👉 ခရီးထွက်ရတာကို သဘောကျတယ်ဆိုရင်လည်း travel vlogs တွေကြည့်ရင်း နားထောင်လို့ရပါတယ်။
👉 အားကစားဝါသနာပါတယ်ဆိုရင်လည်း sports programs တွေနားထောင်ရင်း နားရည်ဝအောင် လေ့ကျင့်လို့ရပါသေးတယ်။
Okay… အပေါ်ကနည်းတွေအတိုင်း နေ့တိုင်း (၁) နာရီ၊ ၁ နာရီခွဲလောက် များများနားထောင်၊ များများ ပြောကျင့်ပြီး တစိုက်မတ်မတ်လုပ်သွားရင် (၂)လ (၃)လ လောက်နေရင် ကိုယ့်ကိုယ်ကို တိုးတက်လာတယ်လို့ ခံစားရမှာ သေချာပါတယ်။ (နေ့တိုင်းတော့ လုပ်ဖို့လိုတယ်နော်😉)
နောက်ဆုံးအနေနဲ့ friendly reminder လေးကတော့ English လိုပြောဖို့ “မရှက်ပါနဲ့” ၊ “အမှားလုပ်မိမှာကိုလည်း မကြောက်ပါနဲ့”နော်။
ကိုယ်က တခြား ဘာသာစကားတစ်ခုကို လေ့ကျင့်နေတာပါ။ ဘယ်သူမှ မွေးကတည်းကအသံထွက်တွေပီသပြီး ကောင်းနေတာမဟုတ်ပါဘူးနော်။ လူတိုင်း အစပိုင်းမှာ အသံထွက် အဆင်မပြေတာ၊ ကိုယ့်ကိုယ်ကို အားမရတာတွေ ဖြစ်ကြပါတယ်။
✅ ပြီးတော့ လူတိုင်း အမှားလုပ်တတ်ကြတာမို့ လို့ “သူများတွေ ကိုယ့်ကို ဘယ်လိုထင်သွားမလဲ” တွေ သိပ်မစဉ်းစားဘဲ ရသလောက် ပြောထွက်စေချင်ပါတယ်။ အဲ့လိုမျိုး English လိုပြောကြည့်လေလေ ပြောရင်းပြောရင်း confidence ပိုရှိလာပြီး နောက်ပိုင်းမှာ ပြောရဲ ဆိုရဲ ဖြစ်လာမှာပါ။
✅ ပြီးရင်နောက်တစ်ခုက ကိုယ့်ရဲ့ “why” ကိုရှာကြည့်ပါ။ “ဘာလို့ English ကိုလေ့လာချင်ရတာလဲ” ပေါ့။ အလုပ်အတွက်လား၊ လစာပိုရဖို့လား၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်လို့လား စတဲ့ ကိုယ့်ရဲ့ အတွင်းထဲ ကလာတဲ့ “why” ကိုစဉ်းစားကြည့်ပေးပါ။
Rachel တုန်းကတော့ “ငါ English ကောင်းမှ နိုင်ငံခြားမှာ ကျောင်းသွားတတ်လို့ရမှာ” “ငါ English ကောင်းမှ ငါ့ဘဝ ပိုတိုးတက်မှာ” ဆိုတဲ့ စိတ်နဲ့ စာအရမ်း လုပ်ဖြစ်ခဲ့ပါတယ်။ တစ်ခါတစ်လေ ပင်ပန်းလာတာမျိုး၊ စာမလုပ်ချင်တော့တာမျိုး ဖြစ်ရင်တောင် ကိုယ့်ရဲ့ “why” ကို ပြန်စဉ်းစား၊ အားပြန်ယူပြီး စာဆက်လုပ်ပါတယ်။ အဲ့တာကြောင့်လည်း English အများကြီး ကောင်းလာတာပါ။
Okay anyway… အဲ့တာဆို English speaking နဲ့ listening ပိုင်း နဲ့ပတ်သက်ပြီး tips လေးတွေ သိလောက်ပြီထင်ပါတယ်။ 😍 နောက်ရက်မှာလည်း reading, writing and vocabulary နဲ့ပတ်သက်တဲ့ tips လေးတွေ ထပ် share ပေးသွားပါမယ်နော်။
Anyway, ကျောင်းကိစ္စတွေ၊ study abroad တွေ၊ အလုပ်အကိုင်တွေ အစစ အရာရာ အဆင်ပြေပါစေနော်။ Fighting and good luck! 💪🍀
See you in next post! Bye 👋
Disclaimer: Rachel က English Professional Teacher တစ်ယောက်မဟုတ်ပါဘူး။ ဒီအတိုင်း Rachel လေ့လာခဲ့တုန်းက အလုပ်ဖြစ်ခဲ့တဲ့ tips လေးတွေကို sharing ပြန်လုပ်ပေးရုံဘဲဖြစ်ပါတယ်။