
English Self-study Tips (Vocabulary, Reading and Writing)

Hello! အရင်နေ့က တင်ပေးထားတဲ့ listening နဲ့ speaking tips လေးတွေ စမ်းလုပ်ကြည့်ဖြစ်ကြလားရှင်?😅
ဒီနေ့မှာတော့ အရှေ့က post လေးရဲ့အဆက်လို့ပြောရမယ့် Vocabulary, Reading, Writing တွေကို ဘယ်လိုလေ့လာလို့ရမလဲ ဆိုတာလေး ဆက်ပြီး share ပေးချင်ပါတယ်။ ပထမဆုံး vocabulary ပိုင်းအရင်သွားကြမယ်နော်။
📌 𝐒𝐭𝐞𝐩 𝟏: 𝐆𝐮𝐞𝐬𝐬 𝐭𝐡𝐞 𝐰𝐨𝐫𝐝
Vocabulary အတွက်ဆို ပထမဆုံး suggest ချင်တာက စာအုပ်တွေဖတ်ရင်း၊ ဒါမှမဟုတ် တစ်ခုခု နားထောင်ရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးအသစ်တွေ တွေ့ရင် ချက်ချင်း dictionary မှာသွားပြီး ရှာတာထက် အဲ့ စကားလုံးကို ခန့်မှန်းကြည့်ပါနော်။ စာအသွားအလာပေါ်မူတည်ပြီး “သူဘာကိုဆိုလိုချင်တာဖြစ်မလဲ?” စသဖြင့် မှန်းကြည့်တာမျိုးပေါ့။ ပြီးမှဘဲ dictionary မှာ အဓိပ္ပာယ် သွားရှာကြည့်ပါ။
ဒီအလေ့အကျင့်က English proficiency tests တွေ ဥပမာ IELTS လို tests တွေဖြေတဲ့အခါ အရမ်း အသုံးဝင်ပါတယ်။ စာမေးပွဲတွေမှာလည်း dictionary သုံးလို့မရတော့ ကိုယ်မသိတဲ့ စကားလုံးပါလာရင်တောင် အဓိပ္ပာယ် ခန့်မှန်းပြီး ဘဲ ဆက်ဖြေရမှာဘဲဆိုတော့ ဒီလိုမျိုး context ပေါ်မူတည်ပြီး guess လုပ်တဲ့နည်းလေးကို ကျင့်ထားသင့်ပါတယ်။
📌 𝐒𝐭𝐞𝐩 𝟐: 𝐌𝐚𝐤𝐞 𝐍𝐨𝐭𝐞𝐬
အပေါ်ကလိုမျိုး စကားလုံးအသစ်တွေကို ခန့်မှန်းပြီး dictionary မှာ အဓိပ္ပာယ်သွားရှာပြီးပြီဆိုရင်တော့ ထုံးစံအတိုင်း notes ပြန်ထုတ်ပါနော်။ အဲ့လို notes ထုတ်ရင်လည်း စကားလုံးအသစ်တွေရဲ့ အဓိပ္ပာယ်ဘဲရေးတာမလုပ်ဘဲ သူ့ရဲ့ ခပ်ဆင်ဆင် words တွေ၊ opposite words တွေ၊ ဥပမာစာကြောင်းတွေ၊ အဲ့စကားလုံးအသစ်နဲ့ဆိုင်တဲ့ usage တွေ၊ collocation တွေအကုန် notes ထုတ်မှ ပိုပြီး ထိရောက်တာပါ။
ဥပမာအားဖြင့်
“difficult = ခက်ခဲသော” ဆိုပြီးရေးလိုက်တာထက်
Difficult = ခက်ခဲသော (adjective)
Similar word = hard, challenging
Opposite word = easy, straightforward
Example sentence = This is a difficult decision. စသဖြင့် အဲ့ vocabulary ရဲ့ သုံးပုံသုံးနည်းတွေပါ အကုန်ရေးထားသင့်ပါတယ်။ ဒါမှ ကိုယ်စာရေးတဲ့အခါဖြစ်ဖြစ် စကားပြောတဲ့အခါဖြစ်ဖြစ် လျှောလျှောရှူရှူ ရေးထွက် ပြောထွက်နိုင်မှာပါ။
📌 𝐒𝐭𝐞𝐩 𝟑: 𝐒𝐩𝐞𝐧𝐝 𝟐𝟎-𝟑𝟎 𝐦𝐢𝐧𝐮𝐭𝐞𝐬 𝐞𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐭𝐨 𝐫𝐞𝐚𝐝 𝐲𝐨𝐮𝐫 𝐧𝐨𝐭𝐞𝐬
နောက်ဆုံးအဆင့်အနေနဲ့ တစ်နေ့ကို မိနစ် ၂၀ ကနေ နာရီဝက်လောက်အချိန်ပေးပြီး ကိုယ်အပေါ်ကအဆင့်မှာ ရေးထားတဲ့ vocabulary အသစ်တွေကို နေ့တိုင်း ပြန်ဖတ်ပေးပါ။ ပြန်မဖတ်ဘဲနဲ့ notes တွေ ရှယ်ရေးထားလည်း အလကားပါဘဲ။ တကယ်လည်း အဲ့ vocabulary တွေ သုံးရတော့မယ်ဆို ဘာမှ မှတ်မိမှာ မဟုတ်ပါဘူး။ 😅
ဒီလို notes ပြန်ဖတ်တဲ့နေရာမှာ ကိုယ်က ကျက်ရတာ အားသာတဲ့သူဆိုရင်လည်း ကျက်လို့ရပါတယ်။ Rachel ကတော့ အစပိုင်းတုန်းက vocabulary တွေ၊ collocation တွေ ကျက်ခဲ့ပါတယ်။ ဆရာတွေ ရေးထားတဲ့ essays တွေဖတ်ရင်းနဲ့ စာကြောင်းလှလှလေးတွေ တွေ့ရင်လည်း ကိုယ့် notes ထဲချ ရေးထားပြီး ကျက်ခဲ့ပါတယ်။ အဲ့အခါကျတော့ စာရေးရင်ဖြစ်ဖြစ်၊ စကားပြောရင်ဖြစ်ဖြစ် ခေါင်းထဲကမြန်မြန်ထွက်လာပါတယ်။
✅ Vocabulary အတွက် book recommendation အနေနဲ့ဆိုရင်တော့ “English Vocabulary in Use” ဆိုတဲ့စာအုပ်ကို ညွှန်းပေးချင်ပါတယ်။ Rachel တုန်းကလည်း အဲ့စာအုပ်နဲ့ကျင့်ခဲ့တာပါ။ Elementary ကနေ Advanced level အထိရှိတော့ ကိုယ့်ရဲ့ level ပေါ်မူတည်ပြီး ကျင့်လို့ရပါတယ်။
✅ အပေါ်ကနည်းတွေအတိုင်း အနည်းဆုံး နေ့တိုင်းမှန်မှန်လေး လေ့ကျင့်သွားရင် ၃ လလောက်ဆို တော်တော်သိသာနေပါပြီ။
Okay… ဒီလောက်ဆို vocabulary အပိုင်း အဆင်ပြေလောက်ပြီထင်ပါတယ်။ Reading ပိုင်းဆက်သွားရအောင်နော်။
📌 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐓𝐢𝐩𝐬
Reading ကို အကြမ်းအားဖြင့်
👉 Speed Reading
👉 Detailed Reading
ဆိုပြီး ၂ မျိုးခွဲလို့ရပါတယ်။
✅ Speed Reading ကိုတော့ တော်တော်များများသိကြတဲ့ Skimming method တို့ Scanning method တို့ကို ပြောတာပါ။ ဒီနည်းတွေကတော့ စာတစ်ပုဒ်လုံးကို အတွင်းကျကျ ဖတ်တာမျိုးမဟုတ်ဘဲ အကြမ်းဖျဉ်း ခြုံငုံမိရုံလောက်ဘဲ အဓိက main points တွေကို ဦးစားပေးဖတ်တာမျိုးပါ။ဒီလို speed reading မျိုးက IELTS နဲ့ TOEFL တို့လို စာမေးပွဲတွေ ဖြေတဲ့အခါမျိုးနဲ့ နိုင်ငံခြားမှာကျောင်းတက်လို့ research paper တွေဖတ်တဲ့အခါအသုံးဝင်ပါတယ်။
Rachel personally အမြင်အရတော့ အကယ်လို့ ကိုယ့် English level ကလည်း သူ့ဟာနဲ့သူ အခြေအနေကောင်းနေပြီ၊ နိုင်ငံခြားမှာလည်းကျောင်းတက်ဖို့လည်း အစီအစဉ်ရှိတယ်၊ ကိုယ် ရွေးထားတဲ့ major ကလည်း စာတွေဖတ်ရတာ များတယ်ဆို speed reading ဘက်ကို ပိုအားစိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ study abroadတဲ့အခါ lecture တွေမတိုင်ခင် research paper အစောင် ၂၀ လောက်ဖတ်ရတော့ အသေးစိတ် သွားဖတ်နေရင် မပြီးတော့ ပါဘူး။ အဲ့အခါကျရင် skimming တို့ scanning တို့နဲ့ဘဲလုပ်အပြီးဖတ်ရတာများပါတယ်။
✅ Detailed Reading ကျတော့ စာကို အသေးစိတ် သေသေချာချာဖတ်တာမျိုးပေါ့။ ပြောရရင်တော့ ကိုယ်က ဝတ္ထုတစ်ပုဒ်ဖတ်ရင်း အဲ့ ဝတ္တုထဲမျောသွားတဲ့အခါ အသေးစိတ် လိုက်ဖတ်လိုက်တာမျိုးပေါ့။ ပြီးတော့ detailed reading လုပ်တဲ့အခါ သေချာလေးဖတ်တာဆိုတော့ အဓိပ္ပာယ် မသိတဲ့စကားလုံးတွေဆို dictionary မှာပြန်ရှာတာတို့၊ notes မှတ်တာတို့ လုပ်ဖို့ ပိုအဆင်ပြေပါတယ်။
Anyway, ဘယ်နည်းဘဲ ကျင့်ကျင့် ၂ ခုလုံးကိုတော့ မျှမျှတတ လေ့ကျင့်သွားဖို့လိုပါတယ်နော်။😉
📌 𝐁𝐨𝐨𝐤 𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠
အပေါ်မှာ ဖတ်ရမဲ့ နည်းတွေသိပြီဆိုတော့ အခု ဘယ်စာအုပ်တွေဖတ်မလဲဆိုတာ ညွှန်းပေးချင်ပါတယ်။
Rachel တုန်းကတော့
👉Penguin Readers
👉Oxford Bookworm
👉Reader’s Digest
👉The Economist
👉 National Geographic Traveller magazine
စတာတွေကို ဖတ်ဖြစ်တာများပါတယ်။ Penguin Readers တို့ Oxford Bookworm က short novel လေးတွေဆိုတော့ ဖတ်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ အဲ့ ၂ ခုက level လေးတွေလည်း ခွဲပေးထားတော့ ကိုယ့် level ပေါ်မူတည်ပြီး ဖတ်လို့ရပါတယ်ရှင်။
✅ ကိုယ်က intermediate level လောက်ဆို Reader’s digest တို့ဖတ်ဖို့ အဆင်ပြေပါတယ်။ ဒီ magazine ကျတော့အထဲမှာ topic စုံတော့ IELTS ဖြေဖို့အတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။ The Economist နဲ့ National Geographic Traveller ကျတော့ Rachel ဒီအတိုင်း ကိုယ်စိတ်ဝင်စားတာတွေမို့လို့ ဖတ်ဖြစ်ခဲ့တာပါ။
ဒီစာအုပ်တွေကို online ကနေ ဖြစ်ဖြစ်၊ telegram channel တွေကဘဲဖြစ်ဖြစ် download ဆွဲလို့ရပါတယ်။ Rachel ကတော့ Penguin Readers တို့ Oxford Bookworms တို့ကို British Council မှာ library membership လုပ် အဲ့ကနေ ငှါးဖတ်ပါတယ်။ Reader’s digest ကိုကျတော့ စာပေလောက ကနေဝယ်ခဲ့တာပါ။ ဒါပေမဲ့ ကျန်တာတွေတော့ တော်တော်များများ online ကနေဘဲ download ဆွဲခဲ့တာပါ။
✅ အဲ့လိုစာအုပ်တွေဖတ်ဖို့ဆို နေ့တိုင်း တစ်ရက်ကို မိနစ် ၃၀ ကနေ ၁ နာရီလောက် အချိန်ဖယ်ထားပြီး ဖတ်စေချင်ပါတယ်။ ကိုယ်က အခုမှ reading စလေ့ကျင့်မယ်ဆိုရင် detailed reading လုပ်ပြီး နောက်ပိုင်းကျမှ speed reading လုပ်ရင် ပိုအဆင်ပြေပါတယ်။
✅ အစပိုင်း English လို စာဖတ်ရမှာပျင်းရင် နာရီဝက်လောက် timer ပေးထားပြီး “timer မပြည့်မချင်း စာဖတ်တာမရပ်ဘူး” ဆိုပြီး စကျင့်လို့ရပါတယ်။ တဖြည်းဖြည်းနဲ့ အကျင့်ပါလာရင် ၁ ရက်ကို ၁ နာရီလောက်အထိ တိုးသွားကြည့်ပါနော်။
✅ အဲ့အပြင် Rachel ကတော့ personally ကိုယ့် level ထက် ၁ ဆင့်နိမ့်တာကနေ နည်းနည်း စဖတ်စေချင်ပါတယ်။ ဥပမာ ကိုယ်က လက်ရှိ intermediate level ဆို pre-intermediate level လောက်က စာအုပ်တွေနဲ့ စတာမျိုးပေါ့။ အဲ့အခါမှ ကိုယ်က English လို စာ စဖတ်ဖတ်ချင်း “ငါ English လို နားလည်သားဘဲ”၊ “ငါသိတဲ့ vocabulary တွေများသားဘဲ” ဆိုပြီး စာလိုက်နိုင်တယ်လို့ ခံစားရမှာပါ။
မဟုတ်ဘဲ ခက်တာကနေစလိုက်ရင် “ဘာမှလည်း နားမလည်ဘူး” လို့ခံစားရပြီး motivation ကျလာတတ်ပါတယ်။ အဲ့အပြင် English လိုမဖတ်ချင်တော့ဘဲ ပျင်းလာပြီး English လိုဖတ်ဖို့တောင် မရဲတော့တာမျိုး ဖြစ်လာမှာစိုးလို့ပါ။😅
✅ အဲ့တာကြောင့် နည်းနည်း လွယ်တာကနေ စဖတ်ပြီး အဲ့လိုမျိုး ၂ ပတ်လောက်လုပ်ပြီးမှ ကိုယ့် level လောက်ရှိတဲ့ books တွေကို ဆက်ဖတ်စေချင်တာပါ။
ဒီလောက်ဆို Reading နဲ့ပက်သက်ပြီး okay ပြီလို့ ထင်ပါတယ်။ ဆက်ပြီးတော့ Writing ကို ဘယ်လိုလေ့ကျင့်ရမလဲကို ပြောပြပေးပါမယ်။
📌 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐓𝐢𝐩𝐬
အမှန်တိုင်းပြောရရင်တော့ Rachel တုန်းကတော့ writing ကျင့်ရတာ တော်တော်လေး တိုင်ပတ်ခဲ့ပါတယ်။ 😂အခုဆို chat GPT ဘာညာနဲ့ ကိုယ်ရေးထားတာ မှန်/မမှန် စစ်ခိုင်းလို့ရပေမဲ့ Rachel တုန်းကတော့ အောက်က step 3 ခုကိုဘဲ အဓိက လုပ်ဖြစ်ခဲ့တာပါ။
📌 𝐒𝐭𝐞𝐩 𝟏: 𝐑𝐞𝐚𝐝 𝐬𝐚𝐦𝐩𝐥𝐞 𝐞𝐬𝐬𝐚𝐲𝐬
Rachel တုန်းကတော့ ပထမဆုံးအနေနဲ့ ကိုယ်ရေးဖြစ်မဲ့ topic တွေပေါ်မူတည်ပြီး သူများတွေရေးထားတဲ့ essays တွေလိုက်ဖတ်ဖြစ်ပါတယ်။ ဥပမာ ကိုယ်က IELTS ဖြေဖို့ ပြင်နေတာဆိုရင် Band 9 achievers တွေရေးထားတဲ့ essay တွေကို sample အနေနဲ့ ဖတ်ကြည့်တာမျိုးပေါ့။
IELTS မဟုတ်ဘဲ general ပိုင်းဆိုရင်လည်း သူများတွေရေးထားတဲ့ essays တွေလိုက်ဖတ်တာမျိုးလုပ်လို့ရပါတယ်။ ဥပမာ ကိုယ်က trip နဲ့ပက်သက်ပြီးရေးမယ်ဆို သူများတွေရေးထားတဲ့ Unforgettable Trip တို့ My Best Trip တို့ စတဲ့essay တွေဖတ်လို့ရပါတယ်။
ဒါပေမယ့် ဒီမှာတစ်ခုရှိတာက essay တစ်ပုဒ်ကိုတစ်ခေါက်ပဲဖတ်တာမျိုး လုံးဝမလုပ်ပါနဲ့နော်။ တစ်ခေါက်ပဲဖတ်ရုံနဲ့တော့ ဘာမှမှတ်မိမှာ မဟုတ်ပါဘူး။ ဒါကြောင့် sample essay တစ်ခုကို ၅ ခေါက် ၆ ခေါက်လောက် usage တွေကအစ အလွတ်ရတဲ့အထိ ဖတ်ကြည့်ပါနော်။ Rachel ကတော့ သူများတွေရေးထားတဲ့ samples တွေဖတ်ရင်းနဲ့ vocabulary အသစ်လေးတွေ၊ စာကြောင်းလှလှလေးတွေ တွေ့ရင် တစ်ခါထဲ notes ထဲရေးမှတ်လိုက်ပြီး ကိုယ်ပြန်ရေးတဲ့အခါလည်း ထည့်သုံးဖြစ်ပါတယ်။
📌 𝐒𝐭𝐞𝐩 𝟐: 𝐖𝐫𝐢𝐭𝐞 𝐞𝐬𝐬𝐚𝐲𝐬
Samples တွေဖတ်ပြီးပြီဆို ဖတ်ထားတဲ့ အကြောင်းအရာကို ကိုယ်တိုင် essay တစ်ပုဒ်ထွက်အောင် ရေးကြည့်ပါနော်။ အပေါ်ကအဆင့်မှာခရီးသွားတာနဲ့ပက်သက်ပြီး ဖတ်ခဲ့ရင် ပြန်ရေးတဲ့အခါကျရင်လည်း ခရီးသွားတဲ့ အကြောင်းနဲ့ဆိုင်တာကို ပြန်ရေးကြည့်ပေးပါ။
✅ အဲ့လိုလုပ်တဲ့အခါ ခုနကလည်း တစ်ခါဖတ်ထားပြီး၊ ဖတ်ထားသမျှကိုလည်း လက်နဲ့ ချရေးလိုက်သလိုဖြစ်သွားတော့ ဒီ topic နဲ့ပက်သက်တဲ့ vocabulary တွေကအစ တော်တော်လေးမှတ်မိသွားပါတယ်။
✅ စာပိုဒ်တွေရေးတဲ့အခါကျရင်လည်း အခုမှ စကျင့်မဲ့သူလေးတွေက PEEL method ကိုသုံးကြည့်လို့လည်း ရပါတယ်။ PEEL ဆိုတာက
✍️ Point
✍️ Evidence
✍️ Elaboration
✍️ Link ကိုအတိုကောက် ခေါ်လိုက်တာပါ။
ဥပမာ ကိုယ်က အစားအသောက်အကြောင်း ရေးမယ်ဆိုပါစို့။ အဲ့မှာဆို ပထမဆုံးစာကြောင်းမှာ ကိုယ့်ရဲ့ 𝐏𝐨𝐢𝐧𝐭 ဖြစ်တဲ့ အစားအသောက်တစ်ခုခုကို မိတ်ဆက်တဲ့အနေနဲ့ စာကြောင်း စရေးလိုက်ပါ။ ဒုတိယအကြောင်းမှာ ဒီဟာကို ပိုပေါ်လွင်စေဖို့ အစားအသောက်နာမည်တွေ အမျိုးအစားတွေကို ဥပမာပေးပြီး 𝐄𝐯𝐢𝐝𝐞𝐧𝐜𝐞 အနေနဲ့ ထည့်လို့ရပါတယ်။ တတိယနဲ့ စတုတ္တအကြောင်းတွေမှာ ကိုယ်ရေးထားတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ပြင်ဆင်ချက်ပြုတ်ပုံတွေလို အသေးစိတ်တွေကို ရေးပြပြီး 𝐄𝐥𝐚𝐛𝐨𝐫𝐚𝐭𝐞 (အကျယ်ချဲ့)လိုက်ပါနော်။
နောက်ဆုံးစာကြောင်းမှာတော့ ကိုယ်ဆက်ပြောမယ့် နောက်စာပိုဒ်ကို ချိတ်ဆက်လိုက်တာဖြစ်ဖြစ်၊ ကိုယ်ရေးနေတဲ့ essay ရဲ့ ခေါင်းစဉ်နဲ့ချိတ်လိုက်တာဖြစ်ဖြစ် 𝐋𝐢𝐧𝐤 လုပ်ပြီး အဆုံးသတ်လိုက်ရင် စာပိုဒ်လေးတစ်ခု လွယ်လွယ်ကူကူ ထွက်လာပါပြီ။ ဒါက အရှင်းဆုံး ဥပမာပြောပါတာပါ။ ဒီ PEEL method နဲ့ IELTS writing task 2 ရဲ့ essay တွေပါ ရေးလို့ရပါတယ်။
📌 𝐒𝐭𝐞𝐩 𝟑: 𝐂𝐨𝐦𝐩𝐚𝐫𝐞 𝐲𝐨𝐮𝐫 𝐞𝐬𝐬𝐚𝐲𝐬 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐬𝐚𝐦𝐩𝐥𝐞 𝐞𝐬𝐬𝐚𝐲𝐬
နောက်ဆုံးအဆင့်ကတော့ ရှင်းပါတယ်။ ကိုယ်ရေးထားတာကို ကိုယ်ဖတ်ခဲ့တဲ့ samples တွေနဲ့ပြန် ယှဉ်ပြီး ဘယ်လိုပိုကောင်းအောင်ရေးမလဲ လေ့လာပါနော်။ ဒီနေရာမှာ ကိုယ်ရေးထားတာတွေကို စစ်ပေးနိုင်တဲ့ tutor တစ်ယောက်ရှိရင်တော့ အကောင်းဆုံးပေါ့နော်။ တချို့ကျတော့လည်း Ai ကို စစ်ခိုင်းတာမျိုးရှိပေမဲ့ Rachel စမ်းကြည့်သလောက်တော့ Ai model တွေက paid version မဟုတ်ရင် general feedback ဘဲထွက်တာများသလိုဘဲ😅
✅ ဒီမှာ writing နဲ့ပတ်သတ်ပြီး Rachel recommend လုပ်ချင်တဲ့ စာအုပ်က Great Writing ဆိုတဲ့စာအုပ်ပါ။ Rachel တစ်အုပ်လုံးတော့ မကျင့်ဖူးပေမဲ့ လုပ်ကြည့်သလောက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ အဲ့စာအုပ်က level တွေလည်း အဆင့်ဆင့်ခွဲထားတော့ ကိုယ့် level အလိုက် လေ့ကျင့်ကြည့်လို့ရပါတယ်။ အဲ့အပြင် Reading နဲ့ Writing က အမြဲဆက်စပ်နေတာဖြစ်လို့ အရေးအသားကောင်းချင်ရင် စာလည်းများများဖတ်ပြီး input များအောင် လုပ်သင့်ပါတယ်ရှင်။
Okay… ဒီလောက်ဆို English လေ့လာတာနဲ့ပက်သက်ပြီး တော်တော်လေး အဆင်ပြေပြီလို့ ထင်ပါတယ်။ ဒီထဲကအတိုင်း နေ့တိုင်း စာလုပ်မယ်ဆို (၃) - (၄) လလောက်အကြာမှာ ကိုယ့်ကိုယ်ကို တိုးတက်လာတယ်လို့ မြင်တွေ့ရမှာပါ။ နေ့တိုင်း ကျင့်ဖို့တော့ လိုတာပေါ့နော်။😉
✅English စ လေ့ကျင့်ကျင့်ချင်း အစပိုင်းမှာ လည်း စာမလုပ်ချင်တာတွေ၊ အလေလိုက်ချင်တာတွေရှိနိုင်ပေမဲ့ “ကိုယ့်ဘဝ တက်လမ်းအတွက်ဘဲ” ဆိုတဲ့ စိတ်နဲ့ အားပြန်ယူပြီး စာဆက်လုပ်ပါနော်။ ပြီးတော့ ကိုယ်အလေလိုက်ပြီး အပျင်းတစ်နေမိတဲ့ အချိန်တိုင်းမှာ တစ်ခြားတစ်ယောက်ယောက်က စာတွေ၊ အလုပ်တွေကြိုးစားပြီး အရှေ့တွေ အများကြီးရောက်နေပြီဆိုတာလေး ပြန်စဉ်းစားကြည့်လိုက်ပါနော်😅 အဲ့အခါတာ “ငါလည်းကြိုးစားရမယ်” ဆိုပြီး motivation ပြန်ရလာပါလိမ့်မယ်။
နောက် post ကျရင်လည်း ၁ ရက်ကို ၂ နာရီလောက်နေ့တိုင်း အချိန်ပေးပြီး English စာလေ့လာလို့ရတဲ့ အချိန်စာရင်းဆွဲနည်းလေး တင်ပေးသွားပါမယ်နော်။
Rachel share ပေးခဲ့တဲ့ tips တွေကနေ တစ်ခုခုအကျိုးရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ကျောင်းကိစ္စတွေ၊ study abroad တွေ၊
အလုပ်အကိုင်တွေ အစစ အရာရာ အဆင်ပြေပါစေနော်။ Fighting and good luck! 💪🍀
See you in next post! Bye 👋
Disclaimer: Rachel က English Professional Teacher တစ်ယောက်မဟုတ်ပါဘူး။ ဒီအတိုင်း Rachel လေ့လာခဲ့တုန်းက အလုပ်ဖြစ်ခဲ့တဲ့ tips လေးတွေကို sharing ပြန်လုပ်ပေးရုံဘဲဖြစ်ပါတယ်။