
Study in Oxbridge with Jardine Scholarship

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေဖြစ်တဲ့ University of Oxford (or) University of Cambridge မှာ fully funded နဲ့ ကျောင်းတက်ခွင့်ရနိုင်မယ့် Jardine Scholarship‼️
ဒီနေ့မှာတော့ Rachel စိတ်ဝင်စားမိတဲ့ UK ရဲ့ full scholarship တွေထဲမှာမှ မြန်မာကျောင်းသားတွေအတွက်ပါပေးတဲ့ Jardine Scholarship အကြောင်းကို လေးကိုsharing လုပ်ပေးချင်ပါတယ်။
‼️ ပုံမှန်ဆို fully funded scholarship အများစုက master program တွေဘဲပေးတာများပေးမဲ့ ဒီ scholarship ကတော့ master program အပြင် undergraduate program အတွက်ပါပေးတဲ့ ရှားရှားပါးပါး scholarship တစ်ခုပါ။ ‼️
Jardine Scholarship ဆိုတာကတော့ 2022 ခုနှစ်ကစတင်ပြီး Hong Kong အခြေစိုက် Jardine Foundation ကနေ undergraduate နဲ့ postgraduate ကျောင်းသားကျောင်းသူတွေအတွက် စီစဉ်ပေးနေတဲ့ fully-funded scholarship program တစ်ခုပါ။ လက်ရှိအချိန်ထိဆိုရင်တော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျောင်းသားပေါင်း ၄၃၀ ကျော်ကို scholarship award တွေ ပေးအပ်ထားလျက်ရှိပါတယ်။
ဒီ Scholarship ကလည်း တခြား full scholarship တွေလိုဘဲ
✅ကျောင်းလခ အပြည့်
✅ အဆောင်ခများ
✅Visa ကြေးနဲ့ Immigration Health Surcharge (IHS) ဖိုး
✅တစ်လတစ်လ အသုံးစားရိတ် တွေအပြင်
✅အသွားအပြန် လေယာဉ်လက်မှတ်ခတွေပါ ပါဝင်တဲ့ scholarship တစ်ခုပါ။
ပြောရရင်တော့ scholarship က ရဖို့လည်း ခက်သလို တစ်ဖက်မှာ scholarship ရခဲ့ရင်ကိုယ့်ဘဝကို တော်တော်လေး အပြောင်းအလဲ ဖြစ်နိုင်တဲ့ scholarship တစ်ခုလို့တောင် ပြောလို့ရပါတယ်။
📌 ဘယ်လို subjects တွေကို လေ့လာခွင့်ရမှာလဲ?
ဒီ Jardine Scholarship မှာတော့ subject တော်တော်များများ လေ့လာလို့ရပါတယ်။
🔸 Industrial and Engineering
🔸 Legal
🔸 Education and Research
🔸 Banking and Finance
🔸 Economics
စသဖြင့် ကျောင်းသားအများစု စိတ်ဝင်စားကြတဲ့ subject တွေလေ့လာလို့ ရပါတယ်ရှင်။
အဲ့တာကြောင့် ကိုယ်က စာလည်းထူးချွန်တယ်၊ လိုအပ်တဲ့ requirement တွေလည်းရှိတယ်၊ ရည်မှန်းချက်လည်းကြီးတယ်ဆို ဒီ scholarship ကို try ကြည့်လို့ရပါတယ်။ Oxbridge မို့လို့ လုံးဝ မဖြစ်နိုင်ဘူး မဟုတ်ပါဘူးနော်။ ဒီ scholarship ကို ရပြီး University of Oxford နဲ့ University of Cambridge မှာတက်နေတဲ့ မြန်မာကျောင်းသား Senior တွေလည်းရှိပါတယ်။ ဆိုတော့ ကိုယ်ကအရမ်းထူးချွန်ပြီး အရမ်းကြိုးစားရင် ရနိုင်တဲ့ scholarship တစ်ခုပါဘဲ။
📌Scholarship တွေရဲ့ထုံးစံအတိုင်း သူတို့ သဘောကျတဲ့ qualifications တွေကလည်း ရှိပြန်ပါတယ်။
▪️ leadership or fellowship နဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းကောင်း ပြနိုင်တဲ့သူတွေ
▪️Extra-curricular activities တွေမှာ ထူးချွန်တဲ့သူတွေ
▪️community development activities တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတဲ့သူတွေ
▪️selection committee အနေနဲ့ outstanding ဖြစ်တယ်လို့ ယူဆတဲ့သူတွေမှာတော့ ရွေးချယ်ခံရဖို့ chance ပိုများပါတယ်။
ဒါကြောင့် scholarship လျှောက်မယ်လို့ စစဉ်းစားပြီဆိုကတည်းက ကိုယ့်ရဲ့ portfolio မှာ outstanding ဖြစ်နေစေဖို့ public activity တွေမှာ ပါဝင်တာမျိုးတွေ အလေးပေးလုပ်ထားသင့်ပါတယ်။
📌 Scholarship လျှောက်ဖို့ ဘာတွေလိုအပ်မလဲ?
ဒီ Scholarship လျှောက်ဖို့ဆိုရင်တော့
✅ လျှောက်လွှာ အကျုံးဝင်တဲ့ နိုင်ငံ ၁၁ နိုင်ငံ အတွင်းမှာ အနည်းဆုံး ၇ နှစ် နေထိုင်လျက်ရှိတဲ့ နိုင်ငံသားဖြစ်ရပါမယ်။ (ဥပမာ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ အနည်းဆုံး (၇) နှစ် နေထားရမယ်လို့ ဆိုလိုချင်တာပါ)
✅ ကျောင်းလျှောက်တဲ့အချိန်မှာ high school education ကိုအောင်မြင်ပြီး university ကို ဆက်တက်နိုင်ဖို့ လိုအပ်တဲ့ education background ရှိရပါမယ်။
✅ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းက secondary school education ပြီးထားသူဖြစ်ရပါမယ်။
✅ ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမယ်။
‼️ ဒါပေမယ့် လက်ရှိ undergraduate/ postgraduate တက်နေတဲ့သူတွေ၊ တခြား full scholarship ရရှိပြီးသားသူတွေကတော့ လျှောက်ခွင့်မရှိပါဘူး။‼️
Scholarship လျှောက်ဖို့ ဘာတွေလိုမလဲဆိုရင်တော့
🔸Cambridge or Oxford ရဲ့ partnership scheme ထဲမှာပါတဲ့ college တစ်ခုခုကနေ provisional offer ရထားရမယ်
🔸ကိုယ့်ရဲ့ objectives နဲ့ career plan တွေအကြောင်း အသေးစိတ်ပြင်ထားတဲ့ Personal Statement
🔸Passport-Size photo
🔸UCAS Application Form
🔸IGCSE/ A/ AS Level IB transcripts
🔸သက်ဆိုင်ရာကျောင်းရဲ့ Principal လက်မှတ်ထိုးထားတဲ့ Testimonial နဲ့
🔸 ကျောင်းမှတ်တမ်းနဲ့ academic records တွေအတွက် Reference Letter စတာတွေ အခြေခံအားဖြင့် လိုအပ်ပါတယ်။
Partnership Scheme တွေအနေနဲ့ တက်လို့ရတဲ့ college တွေက
University of Oxford မှာဆိုရင်
▪️Exeter college
▪️Oriel college
▪️The Queen’s college
▪️Trinity college စတဲ့ college တွေမှာတက်လို့ရပြီး
University of Cambridge မှာဆိုရင်
▪️Downing college,
▪️Magdalene college,
▪️Peterhouse college,
▪️Trinity college စတဲ့ college တွေမှာတက်လို့ရပါတယ်။
(ဒီနေရာမှာ Rachel fun fact အနေနဲ့ ထည့်ပြောချင်တာလေးက Oxford ရော Cambridge ရောက တခြား UK တက္ကသိုလ်တွေနဲ့ မတူဘဲ colleges တွေအများကြီးနဲ့ ဖွဲ့စည်းထားတာပါ။ College တိုင်းမှာ ကိုယ် သင်ယူချင်တဲ့ ဘာသာတွေရှိပြီး college တွေက ကိုယ့်ရဲ့ second home ပုံစံမျိုးပါ။ Accommodation တွေ၊ dinning hall တွေကလည်း college ထဲမှာရှိတာပါ။ ဆိုလိုချင်တာက အပေါ်က college တစ်ခုခုကနေ ဝင်ခွင့်ရထားရင် Oxford/ Cambridge University မှာ ဝင်ခွင့်ရသွားပြီလို့ ဆိုလိုပြီး ဘွဲ့ရရင်လည်း Oxford/ Cambridge university ကနေ ဘွဲ့ရမှာပါရှင်။)
Okay… အဲ့တာဆို UK မှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် Jardine Scholarship အကြောင်းလေး သိသွားကြပြီထင်ပါတယ်။
(Disclaimer: Jardine Scholarship က Rachel ကိုယ်တိုင် စိတ်ဝင်စားတဲ့ scholarship program တစ်ခုဖြစ်သလို အားလုံးအတွက်လည်း အကျိုးရှိမယ့် opportunity တစ်ခုလို့ ယူဆတဲ့အတွက် official website ကနေ research လုပ်ပြီး ရေးပေးထားတာဖြစ်ပါတယ်ရှင်။)